top of page

ကာကွယ်ဆေးထိုးနှံရန် အောက်ပါလင့်ခ်မှတဆင့်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉၈၈၀၄၄၂၂၃၃ သို့ခေါ်ဆို၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာမိတ်ဆက်

ကာကွယ်ဆေးထိုးနှံခြင်းခရီးစဉ်

Step 1_The Cut.jpg

အဆင့် (၁)

စင်တာသို့ရောက်ရှိပြီး စာရင်းပေးသွင်းခြင်း

CLL ကာကွယ်ဆေးထိုးစင်တာသို့ရောက်ရှိသည့်အခါ ကိုယ်အပူချိန်စစ်ဆေးမှုခံယူပြီး ရက်ချိန်း Booking ID QR ကုဒ် နှင့် မိမိဓာတ်ပုံပါအထောက်အထားကတ်တို့ကိုပြသရပါမည်။ ကျန်းမာရေးဆိုင်ရာမေးခွန်းများနှင့် သဘောတူညီချက် ပုံစံစာရွက်ဖြည့်စွက်လာခြင်း ရှိ/မရှိ တို့အား စစ်ဆေးပြီး ပုံမှန်လမ်းကြောင်းနှင့် အမြန်လမ်းကြောင်း ခွဲ၍ဝင်ရောက်နိုင်ရန်စီစဉ်ထားပါသည်။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်ပါသောမိသားစုများအတွက် ဦးစားပေးလမ်းကြောင်း မှဝင်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ 

About CLL_home page_.jpg

CLL ကာကွယ်ဆေးထိုးစင်တာအကြောင်း

CLL ကာကွယ်ဆေးထိုးစင်တာ
ပရဝုဏ်မြေပုံ

CLL Directory Map.JPG

CLL ကာကွယ်ဆေးထိုးစင်တာ၏အားသာချက်များ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍ၌ ယုံကြည်စိတ်ချရဆုံးသော ကာကွယ်ဆေးထိုးစင်တာ (Immunisation Centre of Excellence) အဖြစ် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ပါသည်။

သင့်အတွက်မှန်ကန်သောရွေးချယ်မှု

ယုံကြည်စိတ်ချရသည့်ကာကွယ်ဆေးအအေးလမ်းကြောင်းထိန်းသိမ်းမှု

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးများလက်ခံရရှိသည့်အချိန်မှစ၍ ကာကွယ်ဆေးထိုးနှံပြီးသည်ထိ အဆင့်တိုင်းတွင် ကာကွယ်ဆေးများကို အအေးလမ်းကြောင်းပျက်ယွင်းမှုမရှိစေဘဲ စနစ်တကျ ကိုင်တွယ်၊ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ဝန်ထမ်းများကို သေချာစွာလေ့ကျင့်ပေးထားပါသည်။ 

ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးထိုးနှံခြင်းအဆင့်တိုင်းအတွက် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာ နေရာချထားပြီး လက်သန့်ဆေးရည်များ လွယ်လင့်တကူ အသုံးပြုနိုင်ရန် နှင့် ကျန်းမာရေးစစ်ဆေးခန်းနှင့် ကာကွယ်ဆေးထိုးခန်းများကို တစ်ဦးချင်း Privacy ရှိ‌စေရန်သီးသန့်အခန်းငယ်များစီစဉ်ထားရှိထားပါသည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပေါ်တတ်သောတုံ့ပြန်မှုများအတွက် စီစဉ်ဆောင်ရွက်ထားခြင်း

အခြားသော ဆေးဝါးများနည်းတူ ကာကွယ်ဆေးများသည်လည်းထိုးနှံပြီးနောက် (ဖြစ်ခဲသော်လည်း) ဓါတ်မတည့်ခြင်းအစရှိသော မမျှော်လင့်ထားသည့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများရှိနိုင်ပါသည်။ 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းများ

Omicron Variant

Like all viruses, COVID-19 viruses change and evolve as they spread between people over time and these changes may affect properties of the viruses, such as how easily....

Booster Dose

All WHO-approved COVID-19 vaccines offer protection against severe illness, hospitalisation, and death and if breakthroughs occur in vaccinated persons,....

bottom of page