top of page

CLL ကာကွယ်ဆေးထိုးစင်တာမိတ်ဆက်

ကာကွယ်ဆေးထိုးနှံခြင်းခရီးစဉ်

ကာကွယ်ဆေးဗူးလေးရဲ့ခရီးစဉ်

Edward Jenner.jpg

အက်ဒ်ဝပ်ဂျန်နာ ဆိုတာဘယ်သူလဲ။

ခန္ဓာကိုယ်ခုခံအားစနစ်ဆိုင်ရာဆေးပညာဘာသာရပ်၏ ဖခင်ကြီး

၁၇၄၉ ခုနှစ်၊ မေလ (၁၇) ရက် တွင်မွေးဖွားခဲ့သော အင်္ဂလိပ်လူမျိုး ခွဲစိတ်ဆရာဝန် အက်ဒ်ဝပ်ဂျန်နာ သည် ကျောက်ရောဂါကာကွယ်ဆေးကို အောင်မြင်စွာ စမ်းသပ်ရှာဖွေနိုင်ခဲ့ပါသည်။ ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရောဂါသည် ဗေရီယိုးလားဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ​လူ (၁၀၀)လျှင် အယောက် (၃၀) နှုန်း အထိ လူ့အသက်သေဆုံးနိုင်ချေရှိသော ရောဂါတစ်မျိုးဖြစ်ပါသည်။ ဂျန်နာသည် နွားကျောက်​ရောဂါ (cowpox) ဖြစ်ပြီး​သောသူများတွင် ​ကျောက်​ရောဂါ (smallpox) လုံးဝမကူးစက်နိုင်​ကြောင်းသတိပြုမိခဲ့ပြီး ယခုခေတ်လေ့လာမှုများအရလည်း ကျောက်ရောဂါဗိုင်းရပ်စ်ပိုး နှင့် နွားကျောက်ရောဂါဗိုင်းရပ်စ်ပိုးတို့သည် နီးစပ်စွာတူညီကြောင်းတွေ့ရှိရပါသည်။ ၁၇၉၆ ခုနှစ်၊ မေလတွင် ဆာရာနင်းမ်စ် အမည်ရှိ နွားခြံအလုပ်သမ ငယ်လေး တစ်ဦး၏ လက်တွင် နွားကျောက် ရောဂါကူးစက်ခံရ၍အနာများဖြစ်ပေါ်နေသည်ကို ဂျန်နာ မှ တွေ့ရှိခဲ့ပြီးနောက် ယင်းအနာမှ ပြည်ရည်ကိုယူ၍ ကျောက်ရောဂါတစ်ခါမျှမဖြစ်ဖူးသေးသော အသက်(၈)နှစ်အရွယ် ကလေးငယ် ဂျိမ်းစ်ဖစ် အမည်ရှိ ယောကျ်ားလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ထိုးပေးခဲ့ပါသည်။ သုံးလခန့်ကြာမြင့်ပြီးနောက် ထိုကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ ကျောက်ရောဂါဖြစ်ပွားနေသောသူတစ်ဦး၏ အနာပြည်ကို ဂျန်နာ မှ ထပ်မံထိုးပေးခဲ့ပါသည်။ မယုံကြည်နိုင်လောက်အောင် အံ့သြဖွယ်တွေ့ရှိရသည်မှာ ထိုကလေးငယ်ကို သေစေနိုင်သည့် ကျောက်ရောဂါမှ လုံးဝကာကွယ်ပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဂျန်နာ ၏ စမ်းသပ်ဖော်ထုတ်နိုင်မှုကြောင့် ကျောက်ရောဂါဖြင့် သေဆုံးမှုနှုန်းအား တမဟုတ်ချင်း လျှော့ချနိုင်ခဲ့ပြီး သူ၏ဆေးပညာအမွေအနှစ်အား လက်ဆင့်ကမ်းစေခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်များဖြင့် ကျောက်ရောဂါဖြစ်စေတတ်သော ဗိုင်းရပ်စ်ပိုးကို ၁၉၇၇ခုနှစ်တွင် ကမ္ဘာပေါ်မှ အပြီးတိုင်အမြစ်ဖြတ်ဖယ်ရှားနိုင်ခဲ့ကြပါသည်။ ၁၉၈၀ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ကမ္ဘာပေါ်တွင် ကျောက်ရောဂါ အပြီးတိုင် ကင်းစင်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေး

Sinovac.png

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင်တည်ရှိသော ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့်  SINOVAC မှ ထုတ်လုပ်သည့် CoronaVac® ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ အရေးပေါ်အသုံးပြုခွင့်ကို ၂၀၂၁ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိနိုင်ငံပေါင်း (၆၀)ခန့်တွင် ၎င်းကာကွယ်ဆေးကို ထိုးနှံလျက်ရှိကာ ၎င်းနိုင်ငံများအနက်မှ  (၆) နိုင်ငံတွင် ကလေးများကိုပါ ထိုးနှံပေးလျက်ရှိပါသည်။

 

SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေးသည်  ယခုအချိန်ထိကမ္ဘာပေါ်တွင် အသုံးအများဆုံးသော ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပြီးကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်ပေါ်လာနိုင်မှုအနည်းဆုံးသော ကာကွယ်ဆေးတစ်မျိုးဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၂၉ ) ရက်နေ့အထိ မှတ်တမ်းများအရ SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံပေါင်း (၆၀) ခန့်တွင် ဆေးအကြိမ်ရေ သန်းပေါင်း ၂,၇၀၀ အထိဖြန့်ချိပြီးခဲ့ပြီး အကြိမ်ရေ သန်းပေါင်း ၂,၃၀၀ ခန့်အထိ ထိုးနှံခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊  သြဂုတ်လ (၈) ရက်နေ့ မှ စတင်ထိုးနှံပေးလျက်ရှိပြီး အသက် ၁၂ နှစ်နှင့်အထက် လူငယ်များကိုလည်းထိုးနှံပေးရန်ခွင့်ပြုထားပါသည်။

Vaccine preventable diseases.jpg
bottom of page