top of page

CLL ကာကွယ်ဆေးထိုးစင်တာအကြောင်း

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ စိန်ခေါ်မှုများနှင့် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများထိုးနှံမှု လိုအပ်ချက်မြင့်တက်လာခဲ့ခြင်းကြောင့် SEA LION စီးပွားရေးလုပ်ငန်းစု မှ သင်နှင့်သင်ချစ်ခင်ရသောသူများအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အခြားကြိုတင်ကာကွယ်နိုင်သောရောဂါများ ကူးစက်ဖြစ်ပွားခံစားရခြင်းမရှိစေရန် အရည်အသွေးပြည့်ဝစိတ်ချရသော ကာကွယ်ဆေးထိုးနှံခြင်းဝန်ဆောင်မှုများပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် CLL ကာကွယ်ဆေးထိုးစင်တာကို တည်ထောင်ခဲ့ပါသည်။

 

ကျွန်ုပ်တို့သည် ကာကွယ်ဆေးများ၏ အာနိသင်ကို အကောင်းဆုံးရရှိနိုင်စေရန် ၎င်းကာကွယ်ဆေးများ သိုလှောင် သိမ်းဆည်းခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သယ်ယူပို့ဆောင်ခြင်းများအစရှိသော အဆင့်တိုင်းတွင် တာဝန်ယူမှုအပြည့်ဖြင့် စနစ်တကျအထူးဂရုစိုက် စီစဉ်ဆောင်ရွက်ထားပါသည်။ ကာကွယ်ဆေးလာရောက်ထိုးနှံမည့်သူများအားလုံးအတွက်  ဆေးထိုးနှံခြင်းအဆင့်တိုင်းတွင် ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးတို့အား အထူးအလေးထား၍ CLL ကာကွယ်ဆေးထိုးစင်တာတွင် ရောဂါပိုးကူးစက်နိုင်မှုမရှိစေရန်နှင့် ကာကွယ် ဆေးထိုးနှံပြီးနောက်ဖြစ်နိုင်ချေရှိသော တုံ့ပြန်မှုများအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စနစ်တကျအသင့်ပြင်ဆင်ဆောင်ရွက်ထားပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဝန်ဆောင်မှု၊ ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အဦများ ကြီးကြပ်စီမံခန့်ခွဲမှု၊  ဆေးဝါးနှင့်ကာကွယ်ဆေးများအအေးလမ်းကြောင်း စီမံခန့်ခွဲမှု အစရှိသော နယ်ပယ်ကဏ္ဍအသီးသီး၌ အတွေ့အကြုံရှိပြီး တတ်ကျွမ်းနားလည်သူများနှင့် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာနည်းပညာကျွမ်းကျင်သူ များအဖွဲ့မှဦးဆောင်၍ ကာကွယ် ဆေးမထိုးနှံမီ၊ ဆေးထိုးနှံစဉ်နှင့်ဆေးထိုးနှံပြီးချိန် အားလုံးတို့တွင်အဆင်ပြေပြီးဘေးအန္တရာယ်ကင်းရှင်းနိုင်စေရန် CLL ကာကွယ်ဆေးထိုးစင်တာကို စနစ်တကျဖွဲ့စည်းပြင်ဆင်ထားပါသည်။

About CLL_home page_edited.jpg

SEA LION စီးပွားရေးလုပ်ငန်းစုအကြောင်း

DJI_0013.jpg
SL's Showrom.jpg

CLL Immunisation Centre ကို SEA LION စီးပွားရေးလုပ်ငန်းစု၏ လုပ်ငန်းခွဲအသစ်တစ်ခုဖြစ်သော Care for Life and Longevity (CLL) Co Ltd မှ ရင်းနှီးမြှုပ်နှံစီမံဆောင်ရွက်ခြင်းဖြစ်ပါသည်။ SEA LION သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် အဓိက လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့် ဆေးပညာ၊ စက်မှုသက်မွေးပညာ၊ စက်မှုအလိုအလျောက်နည်းပညာ၊ သတင်းနှင့် နည်းပညာကဏ္ဍတို့တွင် ကမ္ဘာတစ်ဝှမ်း နှင့် ဒေသတွင်းတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသော GE Healthcare, Johnson & Johnson, Medtronic, Abbott, BD, Festo, IBM နှင့် Bangkok Dusit Medical Services PLC (BDMS) အစရှိသော ကုမ္ပဏီများနှင့် တရားဝင်မိတ်ဖက် လက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။ SEA LION သည် ကျန်းမာရေးကဏ္ဍတွင် တတ်ကျွမ်းသောသူများ၏ စီမံခန့်ခွဲမှုဖြင့် အရည်အသွေးပြည့်မီသော ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ကျန်းမာရေးဝန်ဆောင်မှုများစွာကိုပေးလျက်ရှိပြီး အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာများကို ထိရောက်စွာအသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများသိမ်းဆည်း သိုလှောင်ဖြန့်ဖြူးရေးဝန်ဆောင်မှုများ၊ ဓါတ်ခွဲဝန်ဆောင်မှုများ၊ အထူးကုကျန်းမာရေး ဝန်ဆောင်မှုများ၊ ပြည်ပသို့သွားရောက် ဆေးကုသခြင်းအတွက်ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးပိုမိုတိုးတက်လာစေရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

SEA LION စီးပွားရေးလုပ်ငန်းစု ၏ အဖွဲ့ဝင်လုပ်ငန်းများဖြစ်သော Sea Lion Co Ltd, Sirius Logistics and Distribution Solutions (SLDS) Co Ltd, Sea Lion Civil Tech Consulting (SCC) Co Ltd, N Health Myanmar Laboratory, OEC Specialty Clinic, Aryu Thukha Multi-Specialty Clinic, Bahosi Fertility Centre နှင့် Sea Lion Medical Travel တို့မှ မြန်မာနိုင်ငံ၏ကျန်းမာရေးကဏ္ဍတွင် မတူကွဲပြားစုံလင်သော လုပ်ငန်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ပိုမိုသိရှိလိုပါက www.sealiongroup.com တွင် လေ့လာနိုင်ပါသည်။

bottom of page