top of page

ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)

vaccination_edited.jpg

Jan 23, 2022

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှခွင့်ပြုချက်ရရှိထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်းနှင့် အသက်ဆုံးရှုံးမှုအန္တရာယ်တို့မှ ကာကွယ်တားဆီးပေးနိုင်ပါသည်။ အကယ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ကာကွယ်ဆေးထိုးနှံထားသူများသည် အများအားဖြင့် ကာကွယ်ဆေးထိုးနှံမထားသူများထက် ရောဂါလက္ခဏာပြင်းထန်မှုပို၍ နည်းပါးကြောင်းတွေ့ရှိရပါသည်။ သို့သော် ကာကွယ်ဆေးများက ရောဂါဖြစ်ပွားမှုအန္တရာယ်ကို အချိန်ကာလ မည်မျှကြာအောင် ကာကွယ်မှုပေးနိုင်သလဲဆိုသည်ကိုမူ ယခုထိမသိရှိနိုင်ကြသေးပါ။ လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးများ၏ ရောဂါကာကွယ်နိုင်စွမ်းထိရောက်မှုမှာ ကာကွယ်ဆေးများထိုးနှံပြီးနောက်တွင် တဖြည်းဖြည်းလျော့နည်းလာကြောင်းတွေ့ရှိရပြီး သက်ကြီးရွယ်အိုများတွင်ပို၍သိသိသာသာတွေ့ရသည်။ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများကို ကာကွယ်နိုင်သည့်ခုခံအားကိုမြှင့်တင်နိုင်ခြင်းနှင့် ကာကွယ်နိုင်စွမ်းပြန်လည်ထိန်းသိမ်းနိုင်ခြင်းများရှိကြောင်း တွေ့ရသည်။ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် ယခင်ထိုးနှံထားသော မျိုးတူကာကွယ်ဆေး (homologous) ဖြစ်စေ၊ မျိုးမတူကာကွယ်ဆေး (heterologous) ဖြစ်စေ ခုခံအားစနစ်ပညာသဘောအရ ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။ တစ်ကြိမ်သာ ထိုးနှံရန် လိုအပ်သောကိုဗစ်ကာကွယ်ဆေး သို့မဟုတ် နှစ်ကြိမ်ထိုးနှံရန်လိုအပ်သော ကိုဗစ်ကာကွယ်ဆေးတို့ အကြိမ်ပြည့်ထိုးနှံပြီးနောက် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးကို အချိန်ကာလ (၃) လမှ (၆) လ ခြား၍ ထပ်မံထိုးနှံနိုင်ပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ စာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၆) နိုင်ငံတွင် ထပ်ဆောင်းကာကွယ်ဆေးများ သို့မဟုတ် အပိုဆောင်းကာကွယ်ဆေးထိုးနှံရန်ညွှန်ကြားထားပြီး နိုင်ငံပေါင်း (၁၂၀) ကျော်တွင် အဆိုပါ ကာကွယ်ဆေးထိုးအစီအစဉ်များစတင်နေပြီဖြစ်ပြီဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ခုခံအားစနစ်ချို့ယွင်းအားနည်းနေသူများကို ဦးစားပေးအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုနှံပေးလျက်ရှိပါသည်။

ကိုးကားချက်။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် အမေရိကန်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန

References:
1. World Health Organization (WHO) Interim statement on booster doses for COVID-19 vaccination, Update 22 December 2021 (https://www.who.int/news/item/22-12-2021-interim-statement-on-booster-doses-for-covid-19-vaccination---update-22-december-2021)
2. The U.S. Centers of Disease Control and Prevention (CDC) Interim Clinical Considerations for Use of COVID-19 Vaccines Currently Approved or Authorized in the United States (https://www.cdc.gov/vaccines/covid-19/clinical-considerations/covid-19-vaccines-us.html)

bottom of page