top of page

ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပေါ်တတ်သော တုံ့ပြန်မှုများအတွက်
စီစဉ်ဆောင်ရွက်ထားခြင်း

အခြားသော ဆေးဝါးများနည်းတူ ကာကွယ်ဆေးများသည်လည်းထိုးနှံပြီးနောက် (ဖြစ်ခဲသော်လည်း) ဓါတ်မတည့်ခြင်းအစရှိသော မမျှော်လင့်ထားသည့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများရှိနိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာများဖြစ်ပေါ် လာပါက အချိန်နှင့်တပြေးညီ ပြုစုကုသပေးနိုင်ရန် CLL ကာကွယ်ဆေးထိုးစင်တာ၏ ကာကွယ်ဆေးထိုးခန်းတိုင်းတွင် အရေးပေါ်သုံးဆေးဝါးများထားရှိထားပြီး စင်တာအတွင်းရှိ အရေးပေါ်ကုသရေးအဖွဲ့ (Emergency Medical Team) ခေါ်ယူသည့် အချက်ပေးစနစ် ထားရှိထားပါသည်။ ကာကွယ်ဆေးထိုးနှံပြီး စောင့်ဆိုင်းရာနေရာများတွင် ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ကျန်းမာရေးအခြေအနေစောင့်ကြည့်ပေးနေမည့်သူ (Observers) များက လည်းကောင်း၊ အရေးပေါ်ကုသရေးအဖွဲ့က CCTV များဖြင့် လည်းကောင်း စောင့်ကြည့်ပေး၍ လိုအပ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အဆင်သင့်ရှိနေကြမည်ဖြစ်ပါသည်။

 

CLL ကာကွယ်ဆေးထိုးစင်တာတွင် အတွေ့အကြုံရှိသည့် အရေးပေါ်ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် အရေးပေါ်ဆေးကုသရေးအဖွဲ့ (Emergency Medical Team) နှင့် လိုအပ်သောအသက်ကယ်ဆေးဝါးများ၊ အောက်ဆီဂျင်လိုင်းများ၊ လူနာအခြေအနေစောင့်ကြည့်စက်များ၊ အရေးပေါ်နှလုံးနှိုးစက်များ၊ အသက်ရှုစက်များအစရှိသော ဆေးပစ္စည်းကိရိယာများအား ခေတ်မီ ဆေးရုံများရှိအရည်အသွေးမြင့် အရေးပေါ်ကုသရေးဌာန တစ်ခုတွင် ကုသပေးနိုင်သည့်အတိုင်း စနစ်တကျပြင်ဆင်ထားရှိပါသည်။ လိုအပ်ပါက လွှဲပြောင်းကုသမှုဆောင်ရွက်နိုင်ရန် နီးစပ်ရာပုဂ္ဂလိဆေးရုံများ၊ ပြည်သူ့ဆေးရုံများနှင့် ချိတ်ဆက်ထားပြီး ဆေးကိရိယာအစုံအလင် တပ်ဆင်ထားသော အရေးပေါ်လူနာတင်ယာဉ်ကိုလည်း အရန်သင့်ထားရှိပေးထားပါသည်။

AEFI_Ko TM_edited_edited.jpg
For CLL FB_5 Feb_1_edited.jpg
bottom of page