top of page

ယုံကြည်စိတ်ချရသည့်ကာကွယ်ဆေးအအေးလမ်းကြောင်းထိန်းသိမ်းမှု

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးများလက်ခံရရှိသည့်အချိန်မှစ၍ ကာကွယ်ဆေးထိုးနှံပြီးသည်ထိ အဆင့်တိုင်းတွင် ကာကွယ်ဆေးများကို အအေးလမ်းကြောင်းပျက်ယွင်းမှုမရှိစေဘဲ စနစ်တကျ ကိုင်တွယ်၊ သယ်ပူပို့ဆောင်နိုင်ရန်အတွက် ဝန်ထမ်းများကို သေချာစွာလေ့ကျင့်ပေးထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ခွင့်ပြုထားသည့် အရည်အသွေးပြည့်ဝသောကာကွယ်ဆေးများကိုထိုးနှံပေးနိုင်ရန် CLL ကာကွယ်ဆေးထိုးစင်တာတွင်နောက်ဆုံးပေါ် အအေးလမ်းကြောင်းနည်းပညာများ အသုံးပြုထားသည့် WHO အသိအမှတ်ပြု ကာကွယ်ဆေးသိမ်းဆည်းသည့်ရေခဲသေတ္တာများ၊ အပူချိန်တိုင်း ကိရိယာများ၊ သုညအောက်ရေခဲမှတ် စောင့်ကြည့်သတိပေးကိရိယာများ၊ အပူချိန်ပြောင်းလဲမှုအား စောင့်ကြည့်တိုင်းတာသည့်ကိရိယာများနှင့် ကာကွယ်ဆေးသီးသန့်သယ်ဆောင်သည့် အပူချိန်ထိန်းပုံးများကို အသုံးပြုပြီး ကာကွယ်ဆေးများကို စနစ်တကျ သိမ်းဆည်းသိုလှောင် သယ်ယူပို့ဆောင်ပေးပါသည်။

ကာကွယ်ဆေးများအား အပူချိန်စောင့်ကြည့်ကိရိယာများအသုံးပြု၍ သတ်မှတ်အပူချိန်အတွင်း ရှိ/မရှိ (၂၄) နာရီ အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုနေမည်ဖြစ်ပြီး ယင်းမှတ်တမ်းများအား အင်တာနက် Cloud ထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ သိမ်း‌ဆည်းသိုလှောင်ထားစဉ်သတ်မှတ်အပူချိန်မှ တစ်စုံတစ်ရာပြောင်းလဲမှုဖြစ်ပေါ်သည်နှင့်အချိန်နှင့်တပြေးညီအသိပေးနိုင်သောစနစ်ကိုထားရှိထားပါသည်။

CLL-Storage-Cold-Chain-2_edited.jpg
_A9A0080_edited_edited.jpg
bottom of page